-->

Saturday, May 5, 2012

ICS 4.0.3 ROM for Sony Ericsson Xperia X10

မင်္ဂလာပါခင်ဗျာ....April လရဲ့ အရှိန်ကြောင့် Online လောကကြီးနဲ့  ခဏတာ အဆက်သွယ်ပြတ်သွားခဲ့ပါတယ်.... အခုတော့ ပြန်ရောက်လာပါပြီ....ဟိဟိ....
ဒီတစ်ခါတော့ အရင်လို ပန်းသီး မဟုတ်တော့ဘဲ စက်ရုပ်ဘက်ကို လိုင်းပြောင်းသွားပါပြီ.......:D
လေရှည်နေတာနဲ့ တင်လိုရင်း မရောက်တော့ဘူး.....
ကဲ...စလိုက်ကြရအောင်.....
--
အခုကျွန်တော်ပေးတဲ့ ICS 4.0.3 ROM က Alpha ROM ဖြစ်တဲ့အတွက် တစ်ချို့  Functions တွေ အလုပ်မလုပ်ပါဘူး.....စမ်းသုံးကြည့်ချင်တဲ့သူတွေအတွက်ပါ....

အရင်ဆုံးလိုအပ်တဲ့ Files တွေကို အောက်က Link မှာ ဒေါင်းလိုက်ပါ....

Download ICS 4.0.3 ROM, Kernel & Flashtool


အရင်ဆုံးမိမိ ဖုန်းမှာ Recovery သွင်းထားရပါမယ်.....

Recovery သွင်းနည်း
ခုနက အပေါ်မှာပေးထားတဲ့ Folder ထဲမှာ Flash Tool ဆိုတာလေး ပါ ပါတယ်...
အဲဒီ Flash Tool ကိုဖွင့်လိုက်ပါ....
ပြီးရင် အပေါင်းလက္ခဏာ ပုံလေး (Recovery Installer) ကိုနှိပ်လိုက်ပါ....
Flash Tool က သူ့ အလိုလို Recovery ကို Install သွားပါလိမ့်မယ်....

Recovery ကို install ပြီးရင်တော့ C:/Flashtool/firmwares/ ထဲကို ခုနကဒေါင်းထားတဲ့ X10_CUSTOM.ftf ကိုထည့်လိုက်ပါ...
ပြီးရင် Flash Tool ရဲ့  အရှေ့ ဆုံးက Flash button ကို နှိပ်လိုက်ပါ...
ပြီးရင် အောက်မှာပြထားတဲ့ ပုံအတိုင်းရွေးပေးပြီး Ok ကိုနှိပ်လိုက်ပါ...


-ဖုန်းနဲ့ ကွန်ပျူတာ USB ကြိုးနဲ့ ချိတ်ထားရင် ဖြုတ်လိုက်ပါ..
-ပြီးရင် ဖုန်းကို ပါဝါပိတ်လိုက်ပါ..
-ဖုန်းရဲ့  Back Button ကိုဖိထားပြီး USB ကြိုးဖြင့် ကွန်ပျူတာနှင့် ချိတ်လိုက်ပါ...
-Flashtool က ခုနက  X10_CUSTOM.ftf ကို Flash လုပ်သွားပါလိမ့်မယ်....



Flashing လုပ်ငန်းစဉ်ပြီးဆုံးသွားပါက ဖုန်းကို ဘက်ထရီဆွဲဖြုတ်လိုက်ပါ..
ပြီးရင် ဖုန်း SD Card ထဲကို ခုနကဒေါင်းထားတဲ့  cm.ota.es209ra.spaarc.alpha4.zip ကိုထည့်လိုက်ပါ...

ဖုန်းထဲကို SD Card/ ဘက်ထရီ ပြန်ထည့်ပြီး Power ဖွင့်လိုက်ပါ...
Vibrate လေးတစ်ချက်ဖြစ်သွားတာနဲ့  Back Button ကို  အဆက်မပြတ်နှိပ်နေပါ.. Back Button ကို အကြာကြီး နှိပ်ထားတာမျိုး မဟုတ်ဘဲ..နှိပ်လိုက်...လွတ်လိုက်...နှိပ်လိုက်...လွတ်လိုက်...လုပ်ပေးပါ...
Recovery ထဲကို ရောက်သွားပါလိမ့်မယ်.....

Recovery ထဲတွင်
- wipe data/factory reset
- wipe cache partition
လုပ်ပေးလိုက်ပါ...

ပြီးရင် Install zip from sdcard >> Choose zip from sdcard ထဲကနေ ခုနက sdcard ထဲကို သွင်းထားတဲ့  cm.ota.es209ra.spaarc.alpha4.zip ကိုရွေးပေးပြီး install လုပ်လိုက်ပါ..... Installation Complete ဖြစ်သွားရင်  Reboot System Now ကိုနှိပ်လိုက်ပါ....
Reboot တက်ချိန် ပုံမှန်ထက် အနည်းငယ် ပိုကြာလိမ့်မည်....
စိတ်ရှည်သည်းခံပြီး ခဏစောင့်လိုက်ပါ.... Reboot ပြန်တက်လာရင်တော့ ICS 4.0.3 လေးကို တွေ့ ရပါလိမ့်မယ်....... :)


-ျ တွေ အပေါ်တက်နေတာမျိုးလဲ မဖြစ်တော့ပါဘူး...:D


ကျွန်တော်အခုမှ လိုင်းပြောင်းပြီး စက်ရုပ်အကြောင်း စတင်လေ့လာနေတဲ့သူတစ်ယောက်ပါ.....ကျွန်တော်လေ့လာသိရှိရသလောက်လေး ကို ပြန် Share ခြင်းသာဖြစ်ပါတယ်.... ကျွန်တော့် Post ထဲတွင် အမှားပါခဲ့ရင်လဲ အနူးအညွတ် တောင်းပန်ပါတယ်...:)
အားလုံး အဆင်ပြေကြပါစေဗျာ.........:)



Sunday, March 11, 2012

iOS 5.1 အား Jailbreak လုပ်နည်း (Tethered Jailbreak)


မနေ့ တစ်နေ့ ကမှ Apple က Update ပေးလိုက်တဲ့ iOS 5.1 ကို Tethered Jailbreak လုပ်လို့ ရပါပြီ။
Tethered Jailbreak ဆိုတဲ့ အတဲ့ Power ပိတ်လို့ မရပါဘူး။ Power ပိတ်ခဲ့မိရင် Just Boot ပြန်လုပ်ပေးမှရပါလိမ့်မယ်။

ဒီနည်းကတော့ iPhone 4S နှင့် iPad2 ကလွဲလို့  ကျန်တဲ့ iDevice တွေအားလုံးကို Tethered Jailbreak လုပ်ပေးနိင်ပါတယ်။

အရင်ဆုံးလိုအပ်တဲ့ Files တွေကို အောက်က Link တွေမှာ ဒေါင်းလိုက်ပါ။

iOS 5.1 Firmwares for iPhone, iPad, iPod Touch 

Redsn0w 0.9.10b6 for Windows


အပေါ် File တွေကို Download ဆွဲပြီးရင်တော့ Redsn0w 0.9.10b6 ကို Administrator အနေနဲ့ run လိုက်ပါ။


Extras ထဲက Select IPSW မှာ သက်ဆိုင်ရာ iDevice အတွက် 5.1 Firmware ကိုရွေးပေးလိုက်ပါ။

iPhone ပေါ်တွင် စိတ်ကြိုက် Ringtone ထားကြရအောင်

အားလုံးမင်္ဂလာပါ...
.ကျွန်တော် ဒီရက်ပိုင်း Post မရေးဖြစ်တာ နဲနဲကြာသွားပါပြီ....Comment တွေလဲ Reply နောက်ကျခဲ့တာတွေ ရှိပါခဲ့ပါတယ်...အဲဒီအတွက်အရင်ဆုံး အနူးအညွတ် တောင်းပန်ပါရစေ...
--
ဟိုတစ်နေ့ က အစ်ကို တစ်ယောက် ကျွန်တော့်ကို ဆက်သွယ်ပြီး မေးလာလို့ ပါ။
" iPhone တွေမှာ Ringtone တွေလုပ်ရတာ တော်တော် အလုပ်ရှုပ်တာပဲ.. ဟို Format ပြောင်းလိုက် ဒီ Format ပြောင်းလိုက်နဲ့ ... တစ်ခြား Android ဖုန်းတွေလို ဖုန်းထဲမှာ ရှိပြီးသား သီချင်းတွေကို Set as Ringtone ဆိုပြီး လုပ်လို့ မရဘူးလားတဲ့?? "

ဒီ မေးခွန်းရဲ့ အဖြေကို  ကျွန်တော့်ကို မေးခဲ့တဲ့ အစ်ကို အပါအ၀င် အားလုံးသိသွားအောင်လို့ ဒီ Post လေးနဲ့ ဖြေပေးသွားပါမယ်....:)

iPhone ထဲမှာထည့်ထားတဲ့ သီချင်းတွေကို ဘာ Format မှ မပြောင်းဘဲ Ring Tone အဖြစ် သတ်မှတ်ပေးလို့ ရပါတယ်။ ဒါပေမဲ့ သင့် iPhone ဟာ Jailbroken ဖြစ်ရပါမယ်....:D

Cydia >> Manage >> Sources >> Edit >> Add >> http://sinfuliphonerepo.com/ ကိုထည့်လိုက်ပါ။ SinFul iPhone Repo ထဲမှာ AnyRing Cracked ကို လိုက်ရှာပြီး Install လုပ်လိုက်ပါ..
Cydia ကနေ ဒေါင်းရတာ အဆင်မပြေတဲ့ သူတွေအတွက် အောက်က Link မှာ deb file ကိုတင်ပေးထားပါတယ်။ iPhone ထဲမှာ deb file တွေကို ဘယ်လို install လုပ်ရမလဲ ဆိုတာကိုတော့ သိပြီးသားဖြစ်ကြမှာပါ။ မသိသေးတဲ့သူတွေရှိရင်လည်း ဒီ MMAS မှာ ရေးထားတဲ့ Tutorial ရှိပါတယ်.. ရှာဖတ်လိုက်ကြပါ...:P

AnyRing Cracked အားယူရန်

ဒီ AnyRing Application က တော်တော်လေးကို တော်တော်လေးကို သုံးလို့ အဆင်ပြေပါတယ်။ Contact တစ်ခုချင်းစီမှာ Ringtone တစ်ခုစီ လဲ ထားလို့ ရပါတယ်။ SMS, EMAIL အတွက်လဲ Ringtone ထားလို့ ရပါတယ်။


Ringtone လုပ်ဖို့ အတွက် သီချင်းတွေကို Duration သတ်မှတ်ပြီး ဖြတ်ထုတ်လို့ လဲရပါတယ်..


အားလုံးပဲ ဒီ AnyRing ဆိုတဲ့ Cydia App လေးကို ကြိုက်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်.....:)



Tuesday, February 21, 2012

iFitness for iPhone,iPad, iPod Touch

Gym ကစားတဲ့သူတွေ, ကျန်းမာရေးအတွက် Exercise လုပ်တဲ့ Apple ချစ်သူတွေ အတွက် iFitness လေးကို တင်ပေးလိုက်ပါတယ်။ ဒီ App လေးမှာ Gym ကစားရာမှာ သိသင့်သိထိုက်တာတွေ၊ Step by step စနစ်ကျကျ ကစားနည်းတွေကို ပြပေးမယ့် Application လေးတစ်ခုပါ။ အောက်က Link မှာ Free Download နိင်ပါတယ်။


Monday, February 13, 2012

Cydia DEB Files တွေကို ကွန်ပျူတာထဲ ဘယ်လိုဆွဲထုတ်မလဲ??

မနေ့ ကပြီးခဲ့တဲ့ Yangon BarCamp မှာ မြန်မာ Mobile App အနေနဲ့ ကျွန်တော် Discussion လေးတစ်ခုပြုလုပ်ခဲ့ပါတယ်။ အဲဒီမှာ အစ်ကိုတစ်ယောက် ကျွန်တော့်ကို မေးခဲ့တဲ့ မေးခွန်းလေးပါ။
"iPhone ထဲမှာ WiFi နဲ့ ဒေါင်းထားတဲ့ Cydia Applications တွေကို .DEB Files တွေအဖြစ် ကွန်ပျူတာထဲ ပြန်ဆွဲထုတ်ချင်ပါတယ်တဲ့။ ဘယ်လိုဆွဲထုတ်ရမလဲ??"
ဒီမေးခွန်းရဲ့ အဖြေကို အားလုံးသိသွားအောင်လို့  ဒီ Tutorial လေးနဲ့ ကျွန်တော် ရှင်းပြပါမယ်။

--

ကျွန်တော်တို့  Cydia မှာ ဒေါင်းထားတဲ့ Tweaks တွေကို ကွန်ပျူတာထဲ Deb Files အဖြစ် Backup လုပ်လို့ ရပါတယ်။ Backup လုပ်နည်းတွေ အများကြီးရှိပါတယ်။ အလွယ်ဆုံး နည်းတစ်ခုကို ကျွန်တော်ရှင်းပြပါမယ်။

အရင်ဆုံး Cydia ထဲမှာ Source တစ်ခု အရင် Add ရပါမယ်။
Cydia >> Manage >> Sources >> Edit >> Add >> http://repo.biteyourapple.net/ ကို Add လိုက်ပါ။